To say that I was compelled by Parasite from start to finish is an understatement; its filming style with tracking shots are enthralling. Having watched several Korean films during the London Korean Film Festival, I was familiar with the usual genres employed in such films but Parasite seemed to defy them all! Parasite is comedic, in a quirky way, it is also a thriller, straddles class divisions and also depicts a family tale amongst other genres and is therefore likely to appeal to all ages.
Parasite truly deserves to be watched in a cinema to appreciate its nuances and the stylish cinematography. As a summary, to avoid spoilers, Parasite tells the tale of the interaction between the Park family and the Kim’s, an unemployed family, whose contrasting worlds collide with long lasting consequences.
[...]Bong Joon-Ho manages to pique the audience’s interest with brightly lit shots coupled with the effective use of indoor space, and it is surprising to realise, after the film’s 2 hour 12 minute length, that most of the scenes occur within the Park family’s home. The mundane elements of domesticity are displayed with an intriguing perspective showcasing Bong Joon-Ho’s flair. It is a slow burner but you will revel in its beauty and ingenuity as Parasite convinces that it operates solely on one level but it is in fact multi-layered and depicts social realism with empathy and pathos.
The cast are beguiling to watch, every facial movement and action is accentuated, even the mere act of walking up or down stairs can convey hidden meaning, which the camera fragments. Levels of unease are also created by virtue of that effective use of space with unusual camera angles and dramatic weather conditions ratcheting up that sensation. There is a surreal nature to Parasite, which its score emphasises, and furthermore the film adopts elements of the absurd devised in such an ingenious way which is truly cinematic magic. Parasite’s apparent eeriness will certainly keep you riveted and would not feel alien to the Twilight Zone school of filmmaking.
The actors are very impressive and add breadth to their roles creating relatability whilst seeming effortlessly cool. When Ki-Woo and Ki-Jeong Kim were working within the Park family home as private tutors they certainly epitomised this level of nonchalant, understated authority creating an aura of mysticism with the unspoken, almost mythical, tutoring techniques employed. Quite simply, the actors Park So-Dam and Choi Woo-Sik, as Ki-Woo and Ki-Jeong, are compelling to watch in the different directions that Parasite follows and they carry these performances seamlessly thereby inviting the audience to be on their side.
[...]Parasite is a remarkable piece of extremely skilful filmmaking, it is simply a must see film, and so I am looking forward to re-watching the film on its UK general release date. | Parasite ရုပ်ရှင်အစအဆုံးဟာ ကျွန်တော့်ကို ဖမ်းစားနိုင်ခဲ့တယ်လို့ပြောရင် ပြည့်စုံလုံလောက်မှုမရှိတဲ့အဆိုသာဖြစ်ပါလိမ့်မယ်။ ကင်မရာအလှုပ်အရွေ့များစွာနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ရဲ့တင်ဆက်ဟန်ဟာ ညှို့ယူနိုင်လှတယ်။ လန်ဒန်မြို့ ကိုရီးယားရုပ်ရှင်ပွဲတော် (London Korean Film Festival) အတွင်း ကိုရီးယားရုပ်ရှင်မြောက်များစွာကို ကြည့်ရှုပြီးတဲ့နောက် အဆိုပါရုပ်ရှင်တွေမှာ အသုံးပြုထားတဲ့ သမားရိုးကျ ရုပ်ရှင်အမျိုးအစားတွေနဲ့ ကျွန်တော် ရင်းနှီးမှုရှိပေမဲ့ Parasite ကတော့ အဲဒီရုပ်ရှင်တွေအားလုံးကို စိန်ခေါ်ထားသလိုပါပဲ။ တမူထူးကဲတဲ့ ဟာသဟန်နဲ့အတူ သည်းထိတ်ရင်ဖိုစရာကောင်းနေသလို လူတန်းစားကွာဟမှုကို လှစ်ဟပြထားတဲ့အပြင် အခြားရုပ်ရှင်အမျိုးအစားတွေကြား ကွဲပြားတဲ့ မိသားစုဇာတ်လမ်းတပုဒ်ကိုလည်း ပုံဖော်ထားတာကြောင့် အရွယ်သုံးပါးမရွေး အကြိုက်တွေ့ကြမှာ သေချာသလောက်ဖြစ်ပါတယ်။
ဇာတ်ကားရဲ့သိမ်မွေ့တဲ့အပိုင်းတွေနဲ့ ကြော့ရှင်းလှပတဲ့ ရုပ်ရှင်ဖန်တီးမှုအတတ်ပညာကို အသိအမှတ်ပြု ခံစားတတ်ဖို့ရာ ရုပ်ရှင်ရုံမှာကို သွားကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။ ကြည့်ရှုတဲ့အခါ အရသာမပျက်အောင် ဇာတ်လမ်းကို အကျဉ်းချုံ့ရရင် ဇာတ်ကားထဲမှာ ပတ်ခ်မိသားစုနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကင်မ်မိသားစုတို့ကြား အပြန်အလှန် ပတ်သက်ဆက်နွယ်ကြတဲ့ဇာတ်လမ်းဖြစ်ပြီး မိုးနဲ့မြေလိုကွာခြားတဲ့ သူတို့ဘဝတွေဟာ ကာလကြာရှည်လာတာနဲ့အမျှ မိသားစုနှစ်စုကြားမှာ အကျိုးဆက်အဖြစ် အဖုအထစ်တွေရှိလာရင်း တွန်းတိုက်မိကုန်ကြပါတော့တယ်။
ဒါရိုက်တာဘွန်ဂျွန်ဟိုဟာ အခန်းတွင်းရိုက်ကူးရေးခွင်ကို ထိန်လင်းတဲ့ မီးရောင်များနဲ့ ထိထိရောက်ရောက် တွဲဖက်အသုံးပြုပြီး ပရိသတ်ရဲ့စိတ်ဝင်စားမှုကို လှုပ်ကိုင်ထားတယ်။ ဇာတ်ကားကြာမြင့်ချိန် ၂ နာရီ ၁၂ မိနစ်ကြာပြီးတဲ့နောက် ဇာတ်ကွက်အများစုဟာ ပတ်ခ်မိသားစုရဲ့အိမ်တော်ရာထဲမှာ ဖြစ်ပွားနေတာကို သိလိုက်ရတော့ အံ့အားသင့်စရာပါပဲ။ သာမန်ကာလျှံကာ အိမ်တွင်းအမှုကိစ္စတွေကို စိတ်ဝင်စားဖွယ်ဖြစ်စေတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာကလည်း ဘွန်ဂျွန်ဟိုရဲ့အစွမ်းအစကို အတိုင်းသားပေါ်လွင်နေစေတယ်။ Parasite ဟာ ၎င်းပြချင်တဲ့အရာကို အလွှာတလွှာတည်းပေါ်မှာ ပုံဖော်တည်ဆောက်ထားဟန်အဖြစ် ကြည့်ရှုသူတွေကို အယုံသွင်းထားပေမဲ့ စင်စစ်မှာတော့ အလွှာပေါင်းများစွာနဲ့ ဆင့်သီထားပြီး လက်တွေ့လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူမှုကိစ္စရပ်တွေကို ကိုယ်ချင်းစာပြီး ကရုဏာသက်လာအောင် ပုံဖော်ထားတာကြောင့် အစပိုင်းမှာ အထနှေးတယ်ဆိုပေမဲ့ ဇာတ်ကားရဲ့လှပမှုနဲ့ ဉာဏ်ကွန့်မြူးနိုင်စွမ်းအပေါ် သင့်အနေနဲ့ နှစ်ခြိုက်သဘောကျမိမှာပါ။
သရုပ်ဆောင်တွေကို ကြည့်ရှုရတာလည်း မိန်းမောစရာပါပဲ။ မျက်နှာအမူအယာနဲ့ သရုပ်ဆောင်ချက်တိုင်းက ပေါ်လွင်လှသလို ဘာမဟုတ်တဲ့ လှေကားအတက်အဆင်းလုပ်တာလေးတောင်မှ နောက်ကွယ်ကဆိုလိုရင်းကို သယ်ဆောင်ပေးနိုင်တဲ့အပြင် ၎င်းကိုလည်း ကင်မရာက ကွက်ကွက်ကွင်းကွင်း ဖမ်းယူပြထားပါတယ်။ စိတ်လက်မသက်မသာဖြစ်စေတဲ့ ခံစားမှုအလွှာအဆင့်ဆင့်ကိုလည်း သမားရိုးကျမဟုတ်တဲ့ ကင်မရာထောင့်အယူအငင်များ၊ ရာသီဥတုအခြေအနေများနဲ့အတူ ရိုက်ကူးရေးခွင်ကို ထိရောက်စွာ အသုံးပြုဖန်တီးထားတာကလည်း ထိုခံစားမှုကို မြင့်တက်စေခဲ့တယ်။ Parasite မှာ လက်တွေ့လောကနဲ့ကင်းလွတ်ပြီး အိပ်မက်ဆန်ဆန်အခြေအနေမျိုးလည်းရှိပါတယ်။ အဲဒါကတော့ ရုပ်ရှင်နောက်ခံတေးရဲ့ အသားပေးမှုအပိုင်းဖြစ်ပြီး ၎င်းအပြင် ရုပ်ရှင်ထဲမှာလည်း အဓိပ္ပာယ်ကင်းမဲ့မှုရဲ့ အစိတ်အပိုင်းတွေကို ကွန့်မြူးဖန်တီးထားတာက တကယ့်ကို မှော်ဆန်တဲ့ရုပ်ရှင်ဖန်တီးမှုအတတ်ပညာလို့ ဆိုရပါမယ်။ ထင်သာမြင်သာရှိတဲ့ ရင်တလှပ်လှပ်ခံစားမှုက သင့်အာရုံကို မလွတ်တမ်း ဖမ်းစားထားမှာဖြစ်ပြီး Twilight Zone ရုပ်ရှင်စီးရီး ဖန်တီးဟန်နဲ့ မနီးယိုးစွဲရှိလှတာကို ခံစားမိစေမှာပါ။
ရုပ်ရှင်သရုပ်ဆောင်တွေကို အလွန်အထင်ကြီးလေးစားမိပါတယ်။ ကျရာဇာတ်ကောင်ကို ပိုမိုအားထည့်ပြီး သရုပ်ဆောင်ထားတာကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းချိတ်မိစေသလို တပြိုင်တည်းမှာပဲ ပေါ့ပါးလွန်းသလိုထင်ရပြီး ကြည့်ကောင်းလှတယ်။ ကင်မ်ကီဝူးနဲ့ ကင်မ်ကီဂျောင်တို့ မောင်နှမနှစ်ယောက် ပတ်ခ်မိသားစုအိမ်မှာ ဂိုက်ဆရာတွေအဖြစ် အလုပ်လုပ်ကြတဲ့အခါ အေးဆေးတည်ငြိမ်တဲ့အသွင်ယူထားတယ်။ သူတို့ အသုံးပြုသွားတဲ့ သင်ကြားရေးနည်းစနစ်တွေဟာ စကားနဲ့ထုတ်ပြောစရာမလိုတဲ့အပြင် ဩချရလုနီးပါး ဆန်းပြားလွန်းနေသလို ပတ်ခ်မိသားစုဝင်တွေကို ပါးပါးလျလျ ထိန်းချုပ်ပြသွားတဲ့ ဇာတ်ကောင်စရိုက်ကလည်း လျှို့ဝှက်နက်နဲတဲ့ အငွေ့အသက်ကို ခံစားရစေပါတယ်။ ကီဝူးနဲ့ ကီဂျောင်နေရာမှာ သရုပ်ဆောင်သွားကြတဲ့ ပတ်ခ်ဆိုဒမ်နဲ့ ချွဲဝူရှစ်တို့နှစ်ဦးဟာ Parasite က ခေါ်ဆောင်သွားတဲ့ အရပ်မျက်နှာတိုင်းမှာ ကြည့်ရှုသူတွေကို ဖမ်းစားထားနိုင်တဲ့အပြင် သရုပ်ဆောင်ချက်တွေဟာလည်း ဇာတ်ကားအစအဆုံး ပြေပြစ်ညီညွတ်လှတာကြောင့် ပရိသတ်တွေကို သူတို့ဘက်မှာရှိနေစေဖို့ လှုံ့ဆော်ထားနိုင်ကြတယ်။
[...]Parasite ဟာ အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်ပြီး ပြောင်မြောက်လှတဲ့ ရုပ်ရှင်ဖန်တီးမှုလက်ရာကောင်းတခုဖြစ်သလို ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားကောင်းတကားဖြစ်တာကြောင့် ယူကေမှာ ရုံတင်ပြသတဲ့အခါ ကျွန်တော် ထပ်မံကြည့်ရှုရဖို့ စောင့်မျှော်နေမိပါတော့တယ်။ |