Winning entries could not be determined in this language pair.There was 1 entry submitted in this pair during the submission phase. Not enough entries were submitted for this pair to advance to the finals round, and it was therefore not possible to determine a winner.Competition in this pair is now closed. |
လ၏မျက်နှာပြင်ပေါ်သို့ နီး(လ်)အမ်း(မ်)စထရောင်းခြေချခဲ့သည် လွန်ခဲ့သည့်နှစ်ပေါင်း(၅၀)ကအခိုက်အတန့်သည် ကမ္ဘာတဝှမ်းလုံးအား အံ့ချီးမှု၊ ဂုဏ်ယူမှုနှင့် ထူးခြားမှုတို့ဖြင့် စိတ်ဓာတ်နိုးကြွစေခဲ့သည်။ ဤသတင်းစာမှနေ၍ “ယနေ့မှစ၍ လူသားသည် စကြာင်္ဝဌာထဲတွင် ဂြိုလ်များသို့ မိမိ၏စိတ်အလိုရှိသည့်အတိုင်း တီထွင်စဉ်းစားဉာဏ်ကဖန်တီးသမျှ မည်သည့်နေရာကိုမဆို နောက်ကျလျှင်ကျမည် စောလျှင်စောမည်၊ ရောက်အောင်တော့သွားတော့မည်မှာ သေချာပေသည်” ဟုရေးသားခဲ့သည်။ သို့သော် မဟုတ်ပါ။ လပေါ်သို့ဆင်းသက်ခြင်းသည် ပုံမှန်မှခွဲထွက်ခြင်းတစ်ခုဖြစ်သည်၊ ပန်းတိုင်တစ်ခုအနေဖြင့် ခူးဆွတ်နိုင်မှုသာမဟုတ်ပဲ အမေရိကန်၏ တမူထူးခြားစွမ်းဆောင်နိုင်ရည်များကို တစ်နည်းအားဖြင့်အချက်ပြမှုတစ်ခုလည်းဖြစ်သည်။ ဤအမှတ်တွင် ရောက်ရှိခဲ့ပြီးသည်ကို ပြန်လည်မဖျက်ဆီးနိုင်တော့ပေ။ ကမ္ဘာ၏နေပတ်လမ်းအတွင်းသို့ လူပေါင်း ၅၇၁ဦးသာရောက်ရှိခဲ့ဖူးပြီး ၁၉၇၂ မှစတင်၍ ချီကာဂိုမှ ဒက်မွိုက်နက်(စ်)မျှလောက်အကွာအဝေးထက်ကျော်၍ အာကာသအတွင်းသို့ မည်သူမျှစွန့်စားရောက်ရှိမှု မပြုနိုင်သေးပေ။ နောင်အနှစ်(၅၀)သည် အလွန်ကွာခြားမှုရှိလိမ့်မည်။ ကုန်ကျစရိတ်များကျဆင်းမှု၊ နည်းပညာအသစ်များ၊ တရုတ်နှင့် အိန္ဒိံယတို့၏ ရည်မှန်းချက်များနှင့် စွန့်ဦးတီထွင်သူမျိုးဆက်သစ်တို့သည် အာကာသဆိုင်ရာဖွံဖြိုးတိုးတက်မှု ရဲရင့်သောခေတ်သစ်တစ်ခုကို အလားအလာရှိစေသည်။ ယင်းတွင် ချမ်းသာသူတို့အတွက် အာကာသအတွင်းသို့အလည်အပတ်ခရီးသွားလာရေးနှင့် လူအားလုံးအတွက် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးကွန်ယက်များပါဝင်သည်မှာ သေချာသလောက်နီးပါးဖြစ်သည်။ ရေရှည်တွင် သယံဇာတများပြုန်းတီးမှုနှင့် သယ်ယူပို့ဆောင်ရေးအလွန်အကြူးများပြားမှုတို့လည်း ပါဝင်နိုင်သည်။ အာကာသသည် ကမ္ဘာ၏တိုးချဲ့နေရာတစ်ခု - အစိုးရများအတွက်ပင်မဟုတ်ပဲ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအတွက်ပါ ပြိုင်ပွဲစင်တစ်ခု - ကဲ့သို့ပင် ဖြစ်လာလိမ့်မည်။ သို့သော် ဤအလားအလာအား ပြည့်မြောက်နိုင်စေရန်အတွက် ကမ္ဘာကြီးအနေဖြင့် ငြိမ်းချမ်းနေသောကာလများနှင့် စစ်ဖြစ်နေမည့်ကာလများ၌ပင် အာကာသကောင်းကင်ဘုံအားအုပ်ချုပ်ရန် ဥပဒေများနှင့်စနစ်တစ်ခုကို ဖန်တီးရန်လိုအပ်သည်။ ယနေ့တိုင်အထိ အာကာသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာမြေပြင်ရှိလုပ်ငန်းဆောင်တာများ - အဓိကအားဖြင့် ရုပ်သံထုတ်လွှင့်မှုနှင့် ခရီးလမ်းညွှန်မှုတို့အတွက် ဂြိုလ်တုဆက်သွယ်ရေး- တို့အပေါ် အာရုံထားကြသည်။ ပထမဦးစွာ ပထဝီအပိုင်းအခြားနိုင်ငံရေးသည် လူသားများအား ကမ္ဘာအောက်ခြေပတ်လမ်းတွင် နိမ့်ပါးနေမှုမှကျော်လွန်စေရန် တွန်းအားပေးရိုက်ချက်တစ်ခု ဖြစ်ပေါ်စေသည်။ တရုတ်သည် ၂၀၃၅ ခုနှစ်တွင် လပေါ်သို့လူသားများခြေချနိုင်စေရန် စီစဉ်ထားသည်။ သမ္မတဒေါ်နယ်ထရမ့်(မ့်)၏အုပ်ချုပ်ရေးအဖွဲ့အစည်းမှနေ၍ အမေရိကန်တို့အား ၂၀၂၄ခုနှစ်တွင် လပေါ်သို့နောက်တစ်ကြိမ်ပြန်သွားစေလိုသည်။ ကျဆင်းလာသောကုန်ကျစရိတ်များသည် ဤဂုဏ်ထုတ်မှုအား ယခင်ထက်ပိုမို၍ အကုန်အကျခံနိုင်လာစေသည်။ အပိုလိုယာဉ်အတွက် ဒေါ်လာ (ယနေ့တန်ဖိုးဖြင့်) ဘီလီယံရာပေါင်းများစွာ ကုန်ကျခဲ့သည်။ ယခုမူ ဘီလီယံဆယ်ဂဏန်းသည် လက်မှတ်စျေးနှုန်းဖြစ်သည်။ အာကာသအား ချစ်ကြည်နူးဖွယ်ဆောင်ထားသော ကောင်းဘွိုင်ခေတ်ကဲ့သို့ ကြော်ငြာခြင်းသည် မှားယွင်းမှုတစ်ခုဖြစ်သည်။ | Entry #28190 — Discuss 0 — Variant: Not specified
|